(၆)ညအိပ် (၇)ရက် စင်ကာပူ-မလေးရှား ခရီးစဉ် (စင်ကာပူ ၃ ရက်/မလေးရှား ၃ ရက်)
SVPX0032014

ပထမနေ့ ရန်ကုန်-စင်ကာပူ

စင်ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး သည်နှင့် နာမည်ကျော် Merlion ပန်းခြံ နှင့် Suntec City, Esplanade Theatre, Financial District, Parliament’s House, Mount Faber တို့သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် 3 star အဆင့်ရှိသော ဟိုတယ်တွင်အနားယူမည်ဖြစ်ပါသည်။

ဒုတိယနေ့ စင်ကာပူ

နံနက်စာသုံးဆောင်ပြီး Marina Barrage, the Biggest Diamond Industry, Medicated Oil + Health & Beauty Food/ နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် အထင်ကရ နေရာများဖြစ်သည့် Sentosa, Underwater World, Pink Dolphin Lagoon Show တို့သို့ သွားရောက်ပါမည်။ ညနေခင်းအချိန်တွင် Marina Bay Sand တွင် ပြုလုပ်သည့် Wonder Full Show ဖြင့် ညစာသုံးဆောင်ပါမည်။ ထို့နောက် 3 star အဆင့်ရှိသော ဟိုတယ်တွင်အနားယူမည်ဖြစ်ပါသည်။

တတိယနေ့ စင်ကာပူ

သုံးရက်မြောက်နေ့ခရီးစဉ်အဖြစ် Garden by the Bays, Buddha Tooth Relic Temple & Museum တို့သို့ နံနက်စာ သုံးဆောင်ပြီးချိန်မှ စတင်လည်ပတ်ပါမည်။ထို့နောက် စင်ကာပူနိုင်ငံ၏ နာမည် အကျော်ကြားဆုံးနှင့် အရသာရှိဆုံးမဖြစ်မနေမြည်းစမ်းသင့်သည့်ဒေသအစားအစာဖြစ်သော Buffet BBQ နှင့် Seafood Steamboat အဝစားနေ့လည်စာကို သုံးဆောင်ရပါမည်။ နေ့လည်စာသုံးဆောင်ပြီးချိန်တွင် Takashimaya နှင့် Orchard Rd. တစ်ဝိုက်တွင် ဈေးဝယ်ထွက်နိုင်ပါသည်။ ထို့နောက်ညစာသုံးဆောင်ပြီး ဟိုတယ်တွင် အနားယူနိုင်ပါပြီ။

စတုတ္ထနေ့ စင်ကာပူ-မလက္ကာ-ပူထရာ ဂျရာ မြို့သစ်

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီး မလေးရှားနိုင်ငံ သို့ Johore Bahru မှတစ်ဆင့် ထွက်ခွာပါမည်။ နေ့လည်စာသုံးဆောင်ပြီး Malacca City ၏ နာမည်ကျော် Old Fortress, Cheng Hoon Temple, Antique Street, Bukit China, S. Paul Remain နှင့်ဈေးဝယ်ထွက်ခြင်းများကိုညစာ မသုံးဆောင်မီအထိ လုပ်ဆောင် နိုင်ပါသည်။ ထို့နောက်ညစာ သုံးဆောင်ပြီး 4 star ဟိုတယ် တွင် အနားယူအိပ်စက်ပါမည်။

ပဉ္စမနေ့ ကွာလာလမ်ပူမြို့တော်တစ်ခွင် နှင့် နာမည်ကျော် အမြွှာမျှော်စင်ခရီးစဉ်

ငါးရက်မြောက်နေ့ ခရီးစဉ်အဖြစ် ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Kuala Lumpur မြို့တော်သို့ ခရီးဆက် ပါမည်။ ထို့နောက် KLCC Petronas Twin Tower တွင်အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီး City Tour အဖြစ် Parliament House, National Monument, National Museum, Independence Square, King Palace, Gem Shop, Local Products တို့ကို လှည့်ပတ်ကြည့်ရှု နိုင်ပါမည်။ ထို့နောက်ညစာသုံးဆောင်ပြီး Night Shopping လည်ပတ်ကာတစ်နေ့တာခရီးစဉ်ကိုဟိုတယ်တွင်ရပ်နားပါမည်။

ဆဌမနေ့ ကွာလာလမ်ပူမြို့တော်နှင့်တောင်ပေါ် ခရီးစဉ်

စိတ်ဝင်စားဖွယ် Gem Factory နှင့် Local Products, Chocolate Gallery, DFS watches များဖြင့် ခြောက်ရက်မြောက်နေ့ခရီးစဉ်ကို ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးချိန်မှ စတင်ပါမည်။ ထို့နောက် နေ့လည်စာ သုံးဆောင်ပြီး Genting Highlands သို့ ကောင်းကင်ရထားဖြင့် ဆက်လက် သွားရောက်ပါမည်။ လမ်းတွင် Batu Cave သို့ဝင်ရောက်ပါမည်။ Genting Theme Park နှင့် 5 star International Casino တွင် ကိုယ်ပိုင်အချိန်အပန်းဖြေ နိုင်ပါသည်။ ထို့နောက် ညစာသုံးဆောင်ပြီး Kuala Lumpur ရှိ ဟိုတယ်တွင် ပြန်လည် အနားယူအိပ်စက်ပါမည်။

သတ္တမနေ့ ကွာလာလမ်ပူ-ရန်ကုန်

ပျော်ရွှင်ဖွယ် စင်ကာပူ-မလေးရှားခရီးစဉ်အား ခုနှစ်ရက်မြောက်နေ့ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးချိန်တွင် ရပ်နားမည်ဖြစ်ပြီး Kuala Lumpur လေဆိပ်သို့ ပြန်လည်နှုတ်ဆက်ပို့ဆောင်ပေးရင်း နောက်ထပ်ခရီးစဉ်များဖြင့် ဘဝ အမောများကို ခရီးသွားခြင်းဖြင့် ဖြေဖျောက်နိုင်ကြပါစေကြောင်း Silver Phoenix Travel and Tours မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

This itinerary we can arrange for you. The price quoted is a guide, giving you an indication of what this particular trip would cost. Our Choice of Hotels and flight link as follow, in case we use similar standard.

  • HOTEL
  • NUMBER OF PAX
  • PRICES ( PAX / USD )
  • 2∗ or 3∗ Deluxe City Hotel
  • 32-48 pax per Coach: (twin/triple sharing) (1 F.O.C for every 16 pax)
  • 302
  • 2∗ or 3∗ Deluxe City Hotel
  • 20-31 pax per Coach: (twin/triple sharing) (1 F.O.C for every 16 pax)
  • 314
  • 2∗ or 3∗ Deluxe City Hotel
  • 15-19 pax per Coach: (twin/triple sharing) (1 F.O.C for every 16 pax)
  • 325
  • 2∗ or 3∗ Deluxe City Hotel
  • 10-14 pax per Coach: (twin/triple sharing) (NO F.O.C)
  • 347
  • 2∗ or 3∗ Deluxe City Hotel
  • 7-9 pax per Combi(twin/triple sharing) (NO F.O.C)
  • 381
  • 2∗ or 3∗ Deluxe City Hotel
  • 4-6 pax per Combi: (twin/triple sharing) (NO F.O.C)
  • 448
  • 2∗ or 3∗ Deluxe City Hotel
  • 2-3 pax per Combi: (twin/triple sharing) (NO F.O.C)
  • 616
  • 2∗ or 3∗ Deluxe City Hotel
  • Single supplement is (twin/triple sharing)
  • 213

Do you like this tour?