ပြင်သစ်-ဂျာမနီ-နယ်သာလန်-ဘယ်လ်ဂျီယံ-ဆွစ်ဇာလန်-အီတလီ
13 DAY – 12 NIGHT

DAY 1 - DAY 2 - Paris

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြင်သစ်နိုင်ငံ ပါရီ (Paris) လေဆိပ်သို့ ရောက်ရှိ၍
ဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီး ဟိုတယ်သို့ ၀င်ရောက်ပါမည်။ ထို့နောက်ပါရီမြို့၏ ထင်ရှားသော ပြတိုက်များနှင့် မဖြစ်မနေ သွားရောက် လည်ပတ် ရမည့်နေရာများ ဖြစ်သော Louvre ပြတိုက်၊ Champs-Elysees လမ်းမကြီး နှင့် Arc de Triomphe, Opera, Madeleine, Notre Dame Cathedral တို့ကို သွားရောက် လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ ညစာကို လက်ရာ ကောင်းမွန် သော စားသောက်ဆိုင် တွင် တည်ခင်း ဧည့်ခံပြီး ဟိုတယ်တွင် ညအိပ် ရပ်နားပါမည်။

DAY - 3

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပါရီမြို့၏ သင်္ကေတဖြစ်သော Eiffel Tower သို့သွားရောက်၍ ဒုတိယထပ်သို့ ဓါတ်လှေခါးဖြင့် တက်ရောက်ကာ ပါရီမြို့၏ သာယာလှပမှုများကို ကြည့်ရှု ခံစားကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီး နောက် ပါရီမြို့ရောက် ခရီးသွား ဧည့်သည်များ အတွက် ဆွဲဆောင်မှုဖြစ်သည့် ကမ္ဘာကျော် Fashion Design များနှင့်ရေမွှေးများ ရောင်းချသော နေရာများသို့ သွားရောက်၍ ဈေးဝယ်ခြင်း အမှုပြု ကြပါမည်။ ညနေစာကို စားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။ ဟိုတယ်တွင် ညအိပ် ရပ်နားပါမည်။

DAY - 4. Paris – Brussels (305Km)

နံနက်စာကို သုံးဆောင်ပြီးနောက် Belgium နိုင်ငံ၏ မြို့တော်ဖြစ်သော Brussels မြို့သို့ ခရီးဆက်ကြပါမည်။ Brussels မြို့သို့ ရောက်ရှိပြီးနောက် ရှေးဟောင်း Brusselsမြို့လည်ရှိ ထင်ရှား လှစွာသော တော်ဝင် နန်းတော်၊ရင်သပ် ရှုမောဖွယ် St.Michael’s ကျောင်းတော်၊ ရှေးခေတ် လွှတ်တော် အဆောက်အဦး နှင့် Atomium ဟု အမည်တွင်သော Heizel မြို့ပြဒေသ သို့ သွားရောက် လည်ပတ်ကြပါမည်။
နေ့လည်စာ သုံးဆောင်ပြီး နောက် အံ့သြဖွယ် ကောင်းလှစွာသော အနုပညာ များဖြင့် တည်ဆောက်
ထားသော ရှေးဟောင်းတရား စီ၇င်ေ၇း အဆောက်အဦး နှင့် ခံ့ညားလှစွာသော Louise ရင်ပြင်များသို့ လည်ပါတ်ပြီးနောက် တော်ဝင်ရင်ပြင်၊ တောင်ဝင်ဝင် နန်းတော် နှင့် အမျိုးသားနန်းတော် အဆောက်အဦးများသို့ သွားရောက်လည်ပါတ်ကြပါမည်။ ညနေစာ သုံးဆောင်ပြီးနောက် Brusselsမြို့ရှိဟိုတယ်တွင် ညအိပ်ရပ်နားပါမည်။

DAY - 5. BRUSSELS – LUXEMBERG ( B.L.D )

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Brussels မြို့မှ လူဇမ်းဘတ်သို့ ထွက်ခွါပါမည်။ လူဇမ်းဘတ်သို့ ရောက်ရှိပြီးနောက် Lion Monument နှင့် Chapel တံတားကို ဖြတ်သန်း၍ Jesuit Church သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် ညအိပ်ရပ်နား ပါမည်။ နေ့လည်စာ နှင့် ညစာကို လက်ရာ ကောင်းမွန်သော စားသောက်ဆိုင် များတွင် တည်ခင်းဧည့်ခံ ပါမည်။

DAY - 6. LUXEMBURG – BERN – LUCERN (380Km)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Switzerland နိုင်ငံ Bern မြို့သို့ ဆက်လက် ထွက်ခွါကြပါမည်။ Bern မြို့သို့ ရောက်ရှိပြီးနောက် UNESCO မှ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နယ်မြေအဖြစ် ထိမ်းသိမ်းသတ်မှတ် ထားသော နေရာများ ဖြစ်သည့် လှိုင်ဂူငယ်များ ဖြင့်ဖွဲ့စည်း တည်ဆောက်ထားသော ရှေးဟောင်း အဆောက် အဦးများ၊ ရှေးဟောင်း ရေပန်းများ၊ မျှော်စဉ်များ နှင့် ရှေးခေတ် ပေါင်းမိုးတွဲ အဆောက် အဦးများ အားသွားရောက် လည်ပါတ်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Lucerne ဒေသ ၏ လှပသောရှုခင်းများကို ဖြတ်သန်းခံစားရင်း Thorwalden’s Lion အထိမ်းအမှတ် ကျောက်တိုင်၊ မြို့ဟောင်းနှင့် သမိုင်းဝင် Jesuit ကျောင်းတော်သို့ Chapel တံတားမှတဆင့် သွားရောက် လည်ပါတ်ကြပါမည်။ ညနေစာ သုံးဆောင်ပြီးနောက် Lucerne မြို့ရှိ ဟိုတယ်တွင် ညအိပ်ရပ်နားပါမည်။

DAY - 7. LUCERN – TITLIS – MILAN (320Km)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ကမ္ဘာကျော် Titlis ရေခဲတောင်သို့
Cable ၇ထားဖြင့် သွားရောက် လည်ပါတ်ကြပါမည်။ Switzerland နိုင်ငံ၏ Alps တောင်တန်း အထက် မှ Switzerland နိုင်ငံ အလယ်ပိုင်း၇ှိ ရေကန်ကြီး တစ်လျှောက် ထိစပ်နေသော သဘာဝ အလှအပများ နှင့် ရင်သပ် ရှုမောဖွယ်ရာ ရှုခင်းများကို ခံစားပြီး နောက် Italy နိုင်ငံ Milan မြို့သို့ ခရီးနှင်ကြပါမည်။ ညနေစာ သုံးဆောင်ပြီးနောက် Milanမြို့ရှိ ဟိုတယ်တွင် ညအိပ်ရပ်နားပါမည်။

DAY - 8. MILAN - VENICE

နံနက်စာ သုံးဆောင်ပြီးနောက် ရှေးဟောင်း သမိုင်းဝင် အနုပညာများဖြင့် ခြယ်မှုန်းထားသော Milanမြို့၏ နှလုံးသားဟု တွင်ဆိုနိုင်သည့် နေရာ တွင်တည်ရှိသော ရှေးဟောင်း အဆောက်အဦးများ၊ ဘုရားကျောင်းများ၊ ပန်းချီကား တစ်ချပ်ဟုပင် ထင်မှတ် ရလောက်အောင် လှပသော လမ်းကျဉ်းလေး များသို့ သွားရောက် လည်ပတ်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Duomo ဘုရားကျောင်း၊ ကမ္ဘာကျော် ဖျော်ဖြေပွဲများအား လက္ခံကျင်းပသော Sforzeco နှင့် La Scala Opera House များသို့ သွားရောက် လည်ပတ်ကြပါမည်။ ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ညအိပ်ရပ်နားပါမည်။

This itinerary we can arrange for you. The price quoted is a guide, giving you an indication of what this particular trip would cost. Our Choice of Hotels and flight link as follow, in case we use similar standard.

Do you like this tour?